ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေး ကော်မတီ တတိယ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပ

(GMT+08:00)2023-11-08 16:17:51  

  နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေး ကော်မတီ တတိယအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပါသည်။ ယခု အကြိမ် အစည်းအဝေးတွင် သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်မှု ဘက်စုံ တွန်းအားပေးရေး ညွှန်ကြားချက်စာတမ်းနှင့် သဘာဝ လက်ဝါးကြီးအုပ်မှု ကွင်းဆက် ကြပ်မတ်ရေး စနစ်ယန္တရား ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဖော်ဆောင်ရေး ညွှန်ကြားချက်စာတမ်း စသည့် စာတမ်းများကို စိစစ် အတည်ပြုခဲ့ပါသည်။

  အစည်းအဝေးတွင် ရှီကျင့်ဖိန်က သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်ရေးကို ဘက်စုံ တွန်းအားပေရမည် ဖြစ်ကြောင်း၊ သဘာဝ လက်ဝါးကြီး အုပ်မှု ကွင်းဆက် ကြပ်မတ်ရေး စနစ်ယန္တရား ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဖော်ဆောင်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။