ရှီကျင့်ဖိန်သည် ၂၀၂၃ ခုနှစ် နိုင်ငံတကာ အင်တာနက်ညီလာခံ ဝူးကျင့် ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယို မိန့်ခွန်း ပြောကြား

(GMT+08:00)2023-11-08 16:16:12  

  နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၃ ခုနှစ် နိုင်ငံတကာ အင်တာနက်ညီလာခံ ဝူးကျင့် ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယို မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က ၂၀၁၅ ခုနှစ်က မိမိသည် ဒုတိယ အကြိမ် အင်တာနက် ညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် ကမ္ဘာလုံး အင်တာနက် ဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေးဆိုင်ရာ မူ လေး ရပ်နှင့် အဆိုပြုချက် ငါးရပ်တို့ကို ဖော်ပြခဲ့ပြီး အင်တာနက် ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ရန် အဆိုပြုခဲ့ကာ ယင်းသည် နိုင်ငံတကာ မိသားစုကြီးမှ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုနှင့် တက်တက်ကြွကြွ တုံ့ပြန်မှုများကို ရရှိခဲ့ကြောင်း၊ သတင်း အချက်အလက် တော်လှန်ရေး ခေတ်ရေစီးကြောင်း ရှေ့သို့ ချီတက်နေပြီး အင်တာနက်သည် လူသားများ၏ အနာဂတ်ရေးအပေါ် မျှော်မှန်းချက်များကို ကြံဆောင်ထား နေကြောင်း၊ အင်တာနက် ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက် ပြီး အင်တာနက်ဖြင့် ကမ္ဘာ့ပြည်သူများအတွက် ပိုမို ကောင်းမွန်သော သုခချမ်းသာမှုများ ဖန်တီးပေးကာ လူသားများ၏ ပိုမို သာယာလှပသော အနာဂတ်ရေးကို လက်တွဲဖန်တီးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။