ဆောင်းဦးရာသီတွင် တရုတ် ဟိုပေ Caofeidian ၌ ပင်လယ်ရေမျှော့များကို ဖမ်းယူ

(GMT+08:00)2023-11-07 15:54:21  

မကြာသေးမီက တရုတ်နိုင်ငံ ဟိုပေပြည်နယ် Tangshan မြို့ Caofeidian ရပ်ကွက် ၌ ရေနက်ပိုက်ကွန်လှောင်အိမ်များဖြင့် မွေးမြူထားသော ပင်လယ်ရေမျှော့များ ဖမ်းယူချိန်သို့ ရောက်ရှိပြီဖြစ်သည်။ မွေးမြူရေးသမားများသည် ပင်လယ်ရေမျှော့များကို ဖမ်းယူပြီး ခွဲထုတ် ကာ အချောကိုင်၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြသည်။ လွန်ခဲ့သည့်နှစ်များတွင် Caofeidianရပ်ကွက်၌ ရေနက်ပိုက်ကွန်လှောင်အိမ်များဖြင့် ပင်လယ်ရေမျှော့များကို မွေးမြူပြီး စီးပွားရေးအကျိုးအမြတ်များစွာ ရရှိခဲ့သည်။ လက်ရှိ Caofeidian ရပ်ကွက်တွင် ရေနက်ပိုက်ကွန်လှောင်အိမ်များဖြင့် ပင်လယ်ရေမျှော့များကို မွေးမြူထားသော ဧရိယာ အကျယ်အဝန်းမှာ တရုတ်ဧက ၂၂၀၀ ကျော် ရှိသည်ဟု သိရသည်။