ရှီကျင့်ဖိန်သည် တောင်အာဖရိက ဒုတိယသမ္မတနှင့် တွေ့ဆုံ

(GMT+08:00)2023-11-07 14:19:10  

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တောင်အာဖရိကနိုင်ငံ ဒုတိယသမ္မတ Mashatile နှင့် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-တောင်အာဖရိက ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု၏ အနက်အဓိပ္ပာယ်ကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်သို့ မြှင့်တင်ရန် တရုတ်နိုင်ငံသည် တောင်အာဖရိကနှင့် လက်တွဲကြိုးပမ်းလိုကြောင်း ပြောကြားခဲ့သည်။

Mashatile က မိမိတို့သည်  တရုတ်နိုင်ငံနှင့် စီးပွားကုန်သွယ်ရေး ဆက်ဆံမှုကို တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။