ရှီကျင့်ဖိန်သည် ဆားဗီးယား ဝန်ကြီးချုပ် Brnabic နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-11-07 10:37:53  

နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဆားဗီးယား ဝန်ကြီးချုပ် Brnabic နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ဆားဗီးယား နှစ်နိုင်ငံတို့သည် အေးအတူ ပူအမျှ ဖြစ်သည့် “သံမဏိမိတ်ဆွေ”တွေ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်း အခြေခံ နက်ရှိုင်းပြီး တူညီသော အကျိုးစီးပွား များပြားကာ ပူးပေါင်းဆောင်ရွက်ရေး တွန်းအားလည်း  အားကောင်းပါကြောင်း၊ တရုတ်နိုင်ငံသည် ဆားဗီးယားနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံမှု အရည်အသွေး မြင့်မားစွာ တိုးတက်ခြင်းကို တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

Brnabic က ဆားဗီးယားနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ပြတ်ပြတ်သားသား ကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်လက် အပြန်အလှန် ထောက်ခံပြီး Belt and Road လက်တွဲ တည်ဆောက်ရေးကို ဆိုက်တိုက် တွန်းအားပေးကာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးနှင့် လူမှုရေး၊ ယဉ်ကျေးမှု စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဇောက်ချ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။