Cretaceous ခေတ် ပယင်း ၆၅၃ ခုကို ကမ္ဘာ့ပထမဆုံးအကြိမ် ပြသ

(GMT+08:00)2023-11-07 14:48:35  

နိုဝင်ဘာလ ၆ ရက်နေ့တွင် ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ဆဋ္ဌမ အကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ၌ မြောက်ဥရောပ၏ ပယင်း တန်ဖိုးကြီး လက်ဝတ်ရတနာ တံဆိပ် Honn Fine Jewelry သည် ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး Cretaceous ခေတ်မှ ရှားပါးပြီး အဖိုးတန်သော ပယင်း ၆၅၃ ခုကို ပြသခဲ့ပါသည်။ ၎င်းပယင်းများသည် နှစ်သန်းပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီး  ကမ္ဘာတစ်ဝှမ်း သို့  ပထမဆုံးအကြိမ် ပြသခြင်းဖြစ်ပါသည်။