ရှီကျင့်ဖိန်သည် ပြည်လုံးဆိုင်ရာ “ဖုန်းချောင် ပုံစံ အလုပ်လုပ်ဆောင်နည်း” စာရင်းဝင် လုပ်ငန်းဌာနများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

(GMT+08:00)2023-11-07 14:21:41  

 

 နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် ပြည်လုံးဆိုင်ရာ “ဖုန်းချောင် ပုံစံ အလုပ်လုပ်ဆောင်နည်း” စာရင်းဝင် လုပ်ငန်းဌာနများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး စိတ်ရင်းမှန်ဖြင့် ကိုယ်စားလှယ်များအား နှုတ်ခွန်း ဆက်သ၍ ၎င်းတို့အား လှိုက်လှိုက်လှဲလှဲ ထောမနာ ပြုပါကြောင်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က ခေတ်သစ် ဖုန်းချောင် အတွေ့အကြုံများကို ကောင်းမွန်စွာ စွဲကိုင် ဖော်ဆောင်ပြီး အရည်အချင်း ပိုမို မြင့်မားသော အေးချမ်းသည့် တရုတ်ပြည် တည်ဆောက်ရေးလုပ်ငန်းအတွက် ဆက်လက် အကျိုးပြု စွမ်းဆောင်ပေးရန်လည်း မှာကြား အားပေးခဲ့သည်ဟု  China Media Groupမှ သတင်းအရ သိရပါသည်။