ရှီကျင့်ဖိန်သည် ကျူးဘား ဝန်ကြီးချုပ် Mariro နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-11-07 10:38:51  

နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျူးဘား ဝန်ကြီးချုပ် Mariro နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ကျူးဘား နှစ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ ရဲဘော်ကောင်း၊ ညီအစ်ကိုကောင်း ဖြစ်ကြောင်း၊ ကျူးဘား ပြည်သူများက ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုနှင့် ပိတ်ဆို့မှုများကို ဆန့်ကျင်ပြီး နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် အမျိုးသား ဂုဏ်သိက္ခာ ထိန်းသိမ်းကာကွယ်ခြင်းကို တရုတ်နိုင်ငံက ဆက်လက် ပြတ်ပြတ်သားသား ထောက်ခံမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Mariro က ကျူးဘားနိုင်ငံ အနေနှင့် တရုတ်နိုင်ငံနှင့် Belt and Road အရည်အသွေး မြင့်မားစွာ လက်တွဲ တည်ဆောက်ပြီး နယ်ပယ်အသီးသီးမှ လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှုကို ဇောက်ချ ပြုလုပ်ကာ နိုင်ငံတကာနှင့် ဒေသ ရေးရာများတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်၍ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်လိုပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။