ရှီကျင့်ဖိန်သည် သြစတြေးလျ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00)2023-11-07 14:18:06  

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ သြစတြေးလျဝန်ကြီးချုပ် Albanese နှင့် တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန် က  ပုံမှန်တည်ငြိမ်သော တရုတ်-သြစတြေးလျ ဆက်ဆံရေးသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီရုံသာမက ဒေသတွင်း နိုင်ငံများ၏ ဘုံမျှော်မှန်းချက်နှင့်လည်း ကိုက်ညီကြောင်း၊ မိမိတို့အနေနှင့် တရုတ်-သြစတြေးလျ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Albanese က ဩစတြေးလျသည် အခြားနိုင်ငံများကဲ့သို့ပင် တရုတ်နိုင်ငံ၏ စီးပွားရေး စဉ်ဆက်မပြတ် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်နှင့် နိုင်ငံတကာ အသိုက်အဝန်းအကြား အပြန်အလှန် ဆက်နွယ်မှုအပေါ် စိတ်ပါဝင်စားကြောင်း ၊ ခိုင်မာသော နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံ၏ အနာဂတ်ရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။