တရုတ်ပြည်ထုတ် အမျိုးအစားသစ် ပျံသန်းနိုင်သည့် တက္ကစီကို CIIE တွင် ပွဲဦးထွက် ပြသ

(GMT+08:00)2023-11-07 14:35:04  

နိုဝင်ဘာလ ၆ ရက်နေ့က တရုတ် ပြည်တွင်းထုတ် အလေးချိန် ၂ တန် ရှိ ပျံသန်းနိုင်သည့် ခရီးသည်တင် လျှပ်စစ် လေယာဉ် Matrix 1 ကို ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ တွင် ပြသထားသည်။ Matrix 1 တွင် တောင်ပံ ၁၅ မီတာ၊ လေယာဉ်ကိုယ်ထည် အရှည် ၁၀ မီတာ နှင့် အမြင့် ၃ မီတာ ရှိပြီး လျှပ်စစ်ပါဝါသာ အသုံးပြုထားကာ အရှည်ဆုံးခရီးစဉ် ၂၅၀ ကီလိုမီတာ၊ မြန်နှုန်း တစ်နာရီ ကို ကီလိုမီတာ ၂၀၀ ၊ အများဆုံး ဝန် ကီလိုဂရမ် ၅၀၀ နှင့် လူ ၅ ဦး တင်ဆောင်နိုင်အောင် ဖန်တီးထုတ်လုပ် ထားပါသည်။ နောင်တွင် မြို့တွင်း နှင့် မြို့များ အကြား ရှိ လေကြောင်းခရီးတို များတွင် အသုံးပြုပြီး ၂ နာရီ၊ ၃ နာရီ ကြာမြင့်မည့် မော်တော်ယာဉ် ခရီးစဉ်ကို မိနစ် ၃၀ အထိ တိုစေနိုင်မည့် ပျံသန်းနိုင်သည့် တက္ကစီ ဟု ခေါ်ကြသည်။