တရုတ် နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲသည် ပြည်တွင်းပြည်ပမှနိုင်ငံများအတွက် ပိုမိုများပြားသောအကျိုးအမြတ်တွေကိုဆက်လက် ဖန်တီးပေးမည်

(GMT+08:00)2023-11-06 16:12:14  



နိုဝင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသို့ စာတစ်စောင် ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်၏ စာထဲတွင် အနာဂတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် မျှော်လင့်ချက်များ ဖော်ပြခဲ့ပါသည်။ ယင်းတို့သည် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသစ် တည်ထောင်ရေးဆိုင်ရာ “ပြတင်းပေါက်စွမ်းဆောင်ရည်ကို ပိုမိုလျင်မြန်စွာ မြှင့်တင်ခြင်း၊ အရည်အချင်းမြင့် တံခါးဖွင့်ရေး၏ ပလက်ဖောင်း အကျိုးဖြစ်ထွန်းမှုကို အပြည့်အဝ ဖော်ဆောင်စေခြင်း၊ ကမ္ဘာတစ်ဝှမ်း အတူ မျှဝေသော နိုင်ငံတကာ ဘုံဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးခြင်းတို့ ဖြစ်ပါသည်။ ယင်းသည် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲအတွက် ပိုမိုမြင့်မားသော ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို ထောက်ပြထားပါသည်။

ယခုနှစ် ကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းသစ်၊ နည်းပညာသစ်နှင့် ဝန်ဆောင်မှုသစ် ၄၄၂ မျိုးကို ပြသမည် ဖြစ်သည်။ ယင်းသည် အရည်အသွေးမြင့် ကုန်ပစ္စည်းများ တရုတ်ဈေးကွက်သို့ ပိုမိုလျင်မြန်စွာ ဝင်ရောက်စေမည် ဖြစ်၍ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသစ်ဖြင့် ကမ္ဘာကြီးအား အခွင့်အလမ်းသစ်များကို ဖန်တီးပေးမည် ဖြစ်ပါသည်။

ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပါဝင် ပြသသော နိုင်ငံများအနက် Belt and Road လက်တွဲတည်ဆောက်သည့် နိုင်ငံ ၆၄ နိုင်ငံရှိပါသည်။ ပြပွဲပါဝင်သော နိုင်ငံတကာ လုပ်ငန်းကုမ္ပဏီ ၃၄၀၀ ကျော်အနက် Belt and Road လက်တွဲတည်ဆောက်သည့် နိုင်ငံများမှ လုပ်ငန်းကုမ္ပဏီ ၁၅၀၀ ကျော် ရှိပါသည်။ ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံသည် ရှန်ဟိုင်းမြို့၌ “ပိုးလမ်းမကြီး အီးကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ရှေ့ပြေးဇုန်ထားရှိကြောင်းလည်း ကြေညာခဲ့ပါသည်။ ယင်းသည် နိုင်ငံများစွာမှ ပြည်သူများအတွက် ပိုမိုများပြားသော မျှော်လင်ချက်တွေ ဆောင်ကြဉ်းပေးသွားမည် ဖြစ်ပါသည်။

လာမည့် ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ သွင်းကုန် ပို့ကုန် စုစုပေါင်းပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၂၀၀၀ ကျော်နှင့် ဘီလီယံ ၅၀၀၀ ကျော် အသီးသီး ရှိမည်ဟု ခန့်မှန်းထားပါသည်။ ကမ္ဘာပေါ်တွင် ပထမဆုံးသော သွင်းကုန်ကို အဓိကအဖြစ်ထားသည့် နိုင်ငံအဆင့် ကုန်စည်ပြပွဲဖြစ်သည့် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသည် ပြည်တွင်းပြည်ပမှ နိုင်ငံများအတွက် ပိုမိုများပြားသော အကျိုးအမြတ်တွေ ဆက်လက် ဖန်တီးပေးမည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။