ရှီကျင့်ဖိန်သည် ပထမအကြိမ် Belt and Road သိပ္ပံနည်းပညာ ကူးလူးဖလှယ်ရေးညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

(GMT+08:00)2023-11-06 16:08:56  



နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပထမအကြိမ် Belt and Road သိပ္ပံနည်းပညာ ကူးလူးဖလှယ်ရေးညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တတိယအကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး Belt and Road လက်တွဲတည်ဆောက်ရေးသည် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကာလသစ်သို့ ဝင်ရောက်ပြီဖြစ်ကြောင်း၊ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုသည် Belt and Road ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် Belt and Road သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး စီမံကိန်းကို နက်ရှိုင်းစွာ ဖော်ဆောင်နေပြီး နိုင်ငံတကာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးဆိုင်ရာ ကူးလူးဖလှယ်မှုများကို မြှင့်တင်ကာ နိုင်ငံအသီးသီးတို့နှင့်အတူ ဆန်းသစ်တီထွင်ရေးဆိုင်ရာ ကိန်းအောင်းနေသည့် စွမ်းအားများကို မြှင့်တင် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်ရေး မိတ်ဖက်ဆက်ဆံမှုကို အားသစ်လောင်းပေးပြီး ဆန်းသစ်တီထွင်ရေးဆိုင်ရာ အောင်မြင်မှုရလဒ်များဖြင့် နိုင်ငံအသီးသီးမှ ပြည်သူများအား အကျိုးပြုနိုင်ရန် တွန်းအားပေးပြီး Belt and Road လက်တွဲတည်ဆောက်ရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ကာ လူသားများ ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ခြင်းကို တွန်းအားပေးမည် ဖြစ်ကြောင်းဖော်ပြထားပါသည်။

ပထမအကြိမ် Belt and Road သိပ္ပံနည်းပညာ ကူးလူးဖလှယ်ရေး ညီလာခံကို ၆ ရက်နေ့က ချုံချင့်မြို့၌ ဖွင့်လှစ်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။