တရုတ်နိုင်ငံသည် အလုပ်အကိုင်နေရာချထားမှု တည်ငြိမ်စေရန် အားဖြည့်ဆောင်ရွက်

(GMT+08:00)2023-11-06 17:27:51  

နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း အဆင့်ဆင့်သော အစိုးရဌာနများသည် အလုပ်အကိုင် နေရာချထားရေးနှင့် လုပ်ငန်းစတင်ထူထောင်ရေးကို တိုက်ရိုက်ထောက်ပံ့ရန် ရန်ပုံငွေပမဏသည် ယွမ် ဘီလီယံ ၂၀၀ကျော် ရှိပြီ ဖြစ်ကြောင်း သိရပါသည်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတစ်ဝှမ်းရှိ မြို့များတွင် အလုပ်အကိုင်နေရာသစ် ၁၀၂.၂ တိုးများလာပြီး တစ်နှစ်တာလုံး ရည်မှန်းချက်၏ ၈၅ ရာခိုင်နှုန်း ပြီးမြောက်ခဲ့ကြောင်း၊ စက်တင်ဘာလ လကုန်တွင် နိုင်ငံတစ်ဝှမ်းရှိ မြို့များတွင် အလုပ်လက်မဲ့နှုန်း ၅ ရာခိုင်နှုန်း ရှိပြီး ၂၀၁၉ခုနှစ် အလားတူအချိန်ပိုင်းကထက် လျော့နည်းလာကြောင်း၊ အလုပ်အကိုင် နေရာချထားရေး အခြေအနေ ယေဘုယျအားဖြင့် တိုးတက်ကောင်းမွန်ပြီး အခြေခံအားဖြင့် တည်ငြိမ်နေပါကြောင်း သက်ဆိုင်ရာစာရင်းအရ သိရပါသည်။