၂၀၂၃ခုနှစ် ကမ္ဘာ့ တံခါးဖွင့်မှု အစီရင်ခံစာကို ထုတ်ပြန်

(GMT+08:00)2023-11-06 17:35:04  

        နိုဝင်ဘာလ ၅ ရက်နေ့က ဆဋ္ဌမအကြိမ်မြောက် ဟုန်ချောင် နိုင်ငံတကာ စီးပွားရေးဖိုရမ်သည် ¡¡ã၂၀၂၃ခုနှစ် ကမ္ဘာ့ တံခါးဖွင့်မှု အစီရင်ခံစာ¡¡Àကို ထုတ်ပြန်ခဲ့သည်။

        ယင်းအစီရင်ခံစာတွင် ၂၀၂၂ခုနှစ်က ကမ္ဘာ့ တံခါးဖွင့်မှုအညွှန်းကိန်းမှာ ၀.၇၅၄၂ ဖြစ်ပြီး ၂၀၂၁ခုနှစ် အလားတူအချိန်ပိုင်းကထက် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ တံခါးဖွင့်မှုအညွှန်းကိန်း ကျဆင်းမှု၏ အဓိက အကြောင်းရင်းမှာ အကောက်ခွန်မဟုတ်သော ဆောင်ရွက်မှုများ တိုးများလာခြင်း၊ နိုင်ငံဖြတ်ကျော် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာခြင်း၊ သိပ္ပံဆိုင်ရာသုတေသနစာတမ်းများ နိုင်ငံတကာ ကိုးကားအသုံးပြုမှု လျော့နည်းခြင်းတို့ ဖြစ်ကြောင်း၊ တံခါးဖွင့်မှု အရည်အချင်း အမြင့်ဆုံးသော စီးပွားရေး အုပ်စုများမှာ စင်ကာပူ၊ ဂျာမနီ၊ တရုတ် ဟောင်ကောင်၊ အိုင်ယာလန်နှင့် မော်လ်တာတို့ ဖြစ်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရှိရသည် ။