ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ စတင်ကျင်းပ

(GMT+08:00)2023-11-05 13:14:01  

နိုဝင်ဘာလ ၅ ရက်နေ့တွင် ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (CIIE)ကို ရှန်ဟိုင်းမြို့၌ စတင် ကျင်းပခဲ့ပြီး နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာ အဖွဲ့အစည်း စုစုပေါင်း ၁၅၄ ခုမှ ဧည့်သည်တော်များသည် ကုန်စည်ပြပွဲသို့ ပါဝင်ကြသည်။ CIIE သည် ကမ္ဘာ့ပထမဆုံးသော သွင်းကုန်ကို အထူးပြုသော နိုင်ငံအဆင့် ကုန်စည်ပြပွဲဖြစ်ပြီး ပြီးခဲ့သည့် ၅ ကြိမ်အတွင်း ကုန်စည်သစ်၊ နည်းပညာသစ်နှင့် ဝန်ဆောင်မှုသစ် ၂၀၀၀ ကျော်ကို ပထမဆုံးအကြိမ်အဖြစ် ပြသထားပြီး ယခုအကြိမ် ကုန်စည်ပြပွဲတွင် ကုန်စည်သစ်၊ နည်းပညာသစ်နှင့် ဝန်ဆောင်မှုသစ် ၄၄၂ ရပ်ကို ပထမဆုံးအကြိမ်အဖြစ် ပြသထားမည်ဖြစ်သည်။

ဟုန်ချော် နိုင်ငံတကာ စီးပွားရေးဖိုရမ်သည် CIIE ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယခုနှစ်တွင် ဖိုရမ်ခွဲ ၂၂ ခု ကျင်းပမည်ဖြစ်သည်။ ယခုအကြိမ် ဖိုရမ်တွင် UNDP ၊ ITC နှင့် UNIDO စသည့် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်မည်ဖြစ်ပြီး နိုဗယ်ဆုနှင့် Turing Award ဆုရရှိသူများ၊ Fortune 500 ကုမ္ပဏီများမှ အဆင့်မြင့် တာဝန်ရှိသူများ၊ အစိုးရဌာနအရာရှိများအပါအဝင် လူ ပုဂ္ဂိုလ် ၃၀၀ ကျော် နှုတ်ဆက်စကားပြောကြားမည်ဖြစ်ကာ ဖိုရမ်သို့ တက်ရောက်သူ ဦးရေ စုစုပေါင်း ၆၀၀၀ ကျော်ရှိမည် ဖြစ်ကြောင်း သိရပါသည်။