နိုင်ငံရေးဆိုင်ရာ အကြောင်းများကို ကြိုးကိုင် လုပ်ဆောင်ပြီး ဟောင်ကောင်၏ ဥပဒေ စိုးမိုးရေး ရှုပ်ထွေးအောင် နှောင့်ယှက်သည့် အမေရိကန် နိုင်ငံရေးသမား အချို့၏ လုပ်ရပ်ကို လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း ဟောင်ကောင်ရှိ တရုတ်နိုင်ငံတော် လုံခြုံရေးရုံး ဆို

(GMT+08:00)2023-11-05 14:32:42  

    ဟောင်ကောင်ရှိ တရုတ်နိုင်ငံတော် လုံခြုံရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက မကြာမီက အမေရိကန်မှ နိုင်ငံရေးသမား အချို့သည် နိုင်ငံရေးဆိုင်ရာ အကြောင်းများကို ထပ်မံ ကြိုးကိုင် လုပ်ဆောင်ပြီး ခြိမ်းခြောက်မှု ပြုသည့် နည်းလမ်း အသုံးပြုကာ ဟောင်ကောင် တရားသူကြီးများ၊ ရှေ့နေရုံးအရာရှိများနှင့် အစိုးရ အရာရှိများ အပါအဝင် လူ ၄၉ ဦးကို “အရေးယူသည့် အမည်စာရင်း”တွင် ထည့်သွင်းမည်ဟု အော်ကြီးဟစ်ကျယ်လုပ်ခဲ့ကြောင်း၊ ဟောင်ကောင်ရှိ တရုတ်နိုင်ငံတော် လုံခြုံရေးရုံး အနေနှင့် ယင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသက ဥပဒေနှင့်အညီ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး တာဝန် ဝတ္တရား ကျင့်သုံး ဖော်ဆောင်ခြင်းကို ပြတ်ပြတ်သားသား ထောက်ခံပြီး ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေ၏ သြဇာ အာဏာကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။