၁၃၄ ကြိမ်မြောက် ကွမ်ကျိုး ကုန်စည်ပြပွဲကို ကျင်းပပြီးစီး၊ ပြပွဲတွင် တင်ပို့ရောင်းချမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂.၃ ဘီလီယံ ရှိ

(GMT+08:00)2023-11-05 13:07:32  

၁၃၄ ကြိမ်မြောက် ကွမ်ကျိုး ကုန်စည်ပြပွဲကို ကွမ်ကျိုးမြို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး အွန်လိုင်းပလက်ဖောင်းများ  ပုံမှန်အတိုင်း လည်ပတ်မည်ဖြစ်ကြောင်း သိရပါသည်။

ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပြပွဲဧရိယာ စတုရန်းမီတာ ၁.၅၅ သန်း ရှိပြီး ပြပွဲတွင် ပါဝင်သော ကုမ္ပဏီပေါင်း ၂.၈သောင်းကျော်ရှိကာ ပြခန်းပေါင်း ၇.၄သောင်းရှိကြောင်း၊ အော့ဖ်လိုင်း တင်ပို့ရောင်းချမှု ပအာဏမှာ အမေရိကန်ဒေါ်လာ ၂၂.၃ ဘီလီယံ ရှိပြီး အွန်လိုင်းမှတစ်ဆင့် ပြည်ပမှ ဝယ်ယူသူကုန်သည် ၄၅၃၈၅၇ ဦး နှင့် အွန်လိုင်းပလက်ဖောင်းတွင် ဝင်ရောက်ကြည့်ရှုသူ ၇.၈၉ သန်းရှိကြောင်း၊  ၁၃၅ ကြိမ်မြောက် ကွမ်ကျိုး ကုန်စည်ပြပွဲကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။