ကနေဒါနိုင်ငံ သင်္ဘောတင် ရဟတ်ယာဉ်များ ရန်စမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhang Xiaogang က သတင်းထောက်၏ မေးမြန်း ချက်ကို ဖြေကြား

(GMT+08:00)2023-11-05 13:09:09  

မေး- ကနေဒါနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက  တောင်ပင်လယ်မှာ တရုတ် J-11 တိုက်လေယာဉ်သည် ကနေဒါ စစ်ရဟတ်ယာဉ်များကို မကြာသေးမီက “ကြားဖြတ်ဟန့်တား” ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကနေဒါကာကွယ်ရေးဝန်ကြီးက တရုတ်တိုက်လေယာဉ်၏ “ကြားဖြတ်ဟန့်တား” ခြင်းသည် အလွန်အန္တရာယ်ရှိကြောင်း ပြောကြားခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ပြည်ဘက်က ဘယ်လိုမှတ်ချက်ရှိပါသလဲ။

ဖြေ- မကြာသေးမီက ကနေဒါ ဖရီးဂိတ် "Ottawa" မှ သင်္ဘောတင် ရဟတ်ယာဉ် နှစ်စင်းသည်  တရုတ်နိုင်ငံ၏ Xisha လေပိုင်နက်သို့ အမည်မသိသော ရည်ရွယ်ချက်ဖြင့် ရှေ့ဆင့်နောက်ဆင့် ချဉ်းကပ်ခဲ့သည်။ ယင်းကာလအတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ရေတပ်နှင့် လေတပ်များကို စည်းရုံးပြီး ဥပဒေနှင့်အညီ စစ်ဆေးခြင်းများကို လုပ်ဆောင်ကာ အကြိမ်ကြိမ် သတိပေးခဲ့သည်။သို့သော် ကနေဒါရဟတ်ယာဉ်များသည် တုံ့ပြန်ရန် ငြင်းပယ်ခဲ့ ရုံသာမက အလွန်နိမ့်သောအမြင့်တွင် ပျံသန်း ကာ ရန်စသည့်အပြုအမူများကို လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် မီဒီယာကနေတစ်ဆင့် အဆိုပါ အဖြစ်အပျက်ကို မဟုတ်မမှန် သတင်းဖြန့်ပြီး တရုတ်နိုင်ငံကို အပုပ်ချခဲ့သည်။ ကနေဒါ၏ လုပ်ရပ်သည် တရုတ်နိုင်ငံ၏ ပြည်တွင်းဥပဒေများနှင့် သက်ဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာရောက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာလုံခြုံရေးကို အန္တရာယ်ပြုကာ  ဆိုးသွမ်းသောရည်ရွယ်ချက်ဖြစ်သည့် ရန်စမှုဖြစ် ကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။