အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသို့ ပထမဆုံးအကြိမ် ပါဝင်

(GMT+08:00)2023-11-05 13:12:41  

အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသို့ ပထမဆုံးအကြိမ်ပါဝင်မည်ဖြစ်ပြီး ပြပွဲအတွင်း ကယ်လီဖိုးနီးယား၊ အိုင်ဒါဟိုနှင့် ဂျော်ဂျီယာပြည်နယ်တို့မှ စိုက်ပျိုးရေးထုတ်ကုန်များနှင့် စိုက်ပျိုးရေးနည်းပညာများကို အဓိက ပြသမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် အမေရိကန် ပဲပုပ်ပို့ကုန်အသင်းမှ သတင်းအရ သိရသည်။

ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲတွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅၄ ခုမှ ဧည့်သည်တော်များ ပါဝင်မည်ဖြစ်ပြီး လုပ်ငန်းကုမ္ပဏီပေါင်း ၃၄၀၀ ကျော်က ပါဝင်ပြသမည်ဖြစ်၍ ကုန်စည်ပြပွဲ အတိုင်းအတာသည် စံချိန်သစ် သို့ ရောက်ရှိမည် ဖြစ်သည်။