ရှီကျင့်ဖိန် သည် ဂရိဝန်ကြီးချုပ် Mitsotakis နှင့် တွေ့ဆုံ

(GMT+08:00)2023-11-04 14:46:20  

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဂရိဝန်ကြီးချုပ်  Mitsotakis နှင့် တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေနှင့် ဂရိနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်မှု ခိုင်မာစေပြီး သယ်ယူပို့ဆောင်ရေး၊ သင်္ဘော၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး စသည့်နယ်ပယ်များ တွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ မြစိမ်းရောင်စီးပွားရေး၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ တိုးချဲ့ကာ  "Belt and Road"  အရည်အသွေးမြင့်မားစွာ ပူးတွဲတည်ဆောက်မှုနှင့် Piraeus ဆိပ်ကမ်း ရေရှည်တည်တံ့ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ပေးလိုပါကြောင်း၊ တရုတ်ပြည်ဘက်အနေနှင့် တရုတ်ကုမ္ပဏီများအား ဂရိတွင် ရင်းနှီးမြုပ်နှံရန်နှင့် စီးပွားရေးထူထောင်ရန် အားပေးပြီး တရုတ်-အလယ်နှင့် အရှေ့ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရန် ဂရိကုမ္ပဏီများကို ကြိုဆိုပြီး တရုတ်ဈေးကွက်သို့ အရည်အသွေးမြင့် ဂရိထုတ်ကုန်များ ပိုမိုဝင်ရောက်လာမှုကို ကြိုဆိုကြောင်း ပြောကြားပါသည်။

Mitsotakis  က "Belt and Road" ၏ အရည်အသွေးမြင့်မားသော ပူးတွဲတည်ဆောက်မှုအား ဆက်လက်မြှင့်တင်ရန် ဂရိသည် တရုတ်နိုင်ငံနှင့် လက်တွဲ တွန်းအားပေးလိုပါကြောင်း ၊ပိုမိုများပြားသော ဂရိထုတ်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ပြီး ပိုမိုများပြားသောတရုတ်ခရီးသွားများ ဂရိနိုင်ငံသို့ လာ ရောက်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့ ပါသည်။