တရုတ်နိုင်ငံ ထုတ်လုပ်သော ပထမဆုံး အကြီးစား ocean liner သင်္ဘောကို ဝယ်ယူသူအား လွှဲပြောင်းပေးအပ်

(GMT+08:00)2023-11-04 17:44:00  

တရုတ်နိုင်ငံ ထုတ်လုပ်သော ပထမဆုံး အကြီးစား ocean liner သင်္ဘောကို နိုဝင်ဘာလ ၄ ရက်နေ့တွင် တရားဝင် အမည်ပေးပြီး ဝယ်ယူသူအား လွှဲပြောင်း ပေးအပ်ပါသည်။ အဆိုပါ သင်္ဘောကြီးသည် စုစုပေါင်း ဝန်တင်တန်ချိန် ၁၃၅,၅၀၀၊ အရှည် ၃၂၃. ၆ မီတာ၊ အကျယ် ၃၇ . ၂ မီတာ၊ အမြင့်၇၂ .၂ မီတာ ရှိသည်။ သင်္ဘောတွင် အထပ်ပေါင်း၂၀၊ အခန်းပေါင်း ၂၁၂၅ ခန်းပါရှိပြီး ခရီးသည် ၅၂၄၆ ဦး တင်ဆောင်နိုင်ပါသည်။