ဆဋ္ဌမ အကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသို့ နိုင်ငံခြားခေါင်းဆောင်များ တက်ရောက်မည်

(GMT+08:00)2023-11-04 14:41:56  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ရက်နေ့မှ ၁၀ရက်နေ့အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်၏ ဖိတ်ကြားချက်အရ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Albanese၊ ကျူးဘားနိုင်ငံ ဝန်ကြီးချုပ် Marrero၊ ကာဇက်စတန်နိုင်ငံ ဝန်ကြီးချုပ် Smailov၊ ဆာဘီးယားနိုင်ငံ ဝန်ကြီးချုပ် Brnabic အပါအဝင် နိုင်ငံများမှ ခေါင်းဆောင်များသည် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ် လှုပ်ရှားမှုများကို တက်ရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။