တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ၏ “မိတ်ဆွေဟောင်း”များ ကုန်စည်ပြပွဲတွင် “ထပ်မံ တွေ့ဆုံ” ကြရန် ချိန်းထား

(GMT+08:00)2023-11-04 14:48:32  

 “ကျွန်တော်တို့ဟာ တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲမှာ ၆ နှစ် ဆက်တိုက် ပါဝင် ခင်းကျင်းပြသခဲ့ပြီး ဖြစ်သည့်အတွက် ကုန်စည်ပြပွဲရဲ့ မိတ်ဆွေဟောင်း ဖြစ်နေပြီ။ ဒီအကြိမ် ကုန်စည်ပြပွဲမှာလည်း ပိုမိုများပြားတဲ့ အခွင့်အလမ်းများကို ရရှိနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ စင်ကာပူ DOLE ASIA HOLDINGS PTE. LTD. မှ တရုတ်နိုင်ငံဇုန် မန်နေရာချုပ် ယန်ကျင်ယူက China Media Groupမှ သတင်းထောက်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

   ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ယခုလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံနှင့် ဒေသ ၁၅၄ ခုနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများမှ ဧည့်သည်တော်များ ကုန်စည်ပြပွဲသို့ တက်ရောက်ပါဝင်မှာ ဖြစ်ပြီး လုပ်ငန်းကုမ္ပဏီပေါင်း ၃၄၀၀ ကျော်တို့ ပါဝင် ခင်းကျင်းပြသမှာ ဖြစ်ကာ ယင်းတို့အနက် Belt and Road လက်တွဲ တည်ဆောက်ရေး နိုင်ငံများမှ လုပ်ငန်းကုမ္ပဏီပေါင်း ၁၅၀၀ ကျော် ပါဝင် ပါတယ်။ ပါဝင်သည့်ကုမ္ပဏီထဲမှာ စင်ကာပူ DOLE ကုမ္ပဏီ လို ကုန်စည်ပြပွဲမှာ ၆ ကြိမ်တိုင်တိုင် ဆက်တိုက် ပါဝင်ခင်းကျင်းပြသခဲ့တဲ့ “မိတ်ဆွေဟောင်း” ကုမ္ပဏီ အရေအတွက်ဟာ မနည်းပါဘူး။

“ခင်းကျင်းပြသထားတဲ့ ကုန်ပစ္စည်းများဟာ အရောင်းကောင်းတဲ့ ကုန်ပစ္စည်းများ ဖြစ်လာခြင်း”နဲ့ “ကုန်စည်ပြပွဲမှာ ပါဝင်တဲ့ ကုန်သည်များက ရင်းနှီးမြှုပ်နှံမှု ကုန်သည် လုပ်ငန်းရှင်များ ဖြစ်လာခြင်း”တို့ဟာ အဲဒီ “မိတ်ဆွေဟောင်း”များ ကုန်စည်ပြပွဲမှာ “ထပ်မံ တွေ့ဆုံ”ဖို့ ချိန်းထားကြတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်နဲ့ အလယ်အလတ် ဝင်ငွေ ရှိတဲ့ပြည်သူ  သန်း ၄၀၀ ကျော် ရှိတဲ့ ကြီးမားတဲ့ တရုတ်ပြည်ဈေးကွက်နဲ့ တရုတ်အစိုးရရဲ့ တံခါးဖွင့်ရေးကို စွဲစွဲမြဲမြဲ တွန်းအားပေးခြင်းတို့ဟာ အဲဒီ “မိတ်ဆွေဟောင်း”များကို ဆွဲဆောင်နေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။

ကုန်စည်ပြပွဲရဲ့ နိုင်ငံတကာ အတူ မျှဝေခြင်း အထူးသဖြင့် ဖွံ့ဖြိုးမှု နည်းပါးသော နိုင်ငံများအား အတူ ဖွံ့ဖြိုးတိုးတက်လာအောင် အကူအညီပေးခြင်းဟာလည်း “မိတ်ဆွေဟောင်း”များကို ဆွဲဆောင်နေတဲ့ အကြောင်းရင်း တစ်ခု လည်း ဖြစ်ပါတယ်။ 

တရုတ် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများ ၈၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံရဲ့ စီးပွားကုန်သွယ်ရေး ပတ်ဝန်းကျင်အပေါ် ကျေနပ်ကြောင်း သို့မဟုတ် လွန်စွာ ကျေနပ်ကြောင်း ဖော်ပြခဲ့ကြပြီး တရုတ်ဈေးကွက်များ နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများအား ဆွဲဆောင်မှုဟာ အသင့်အတင့် အားကောင်းနေဆဲ ဖြစ်ပါတယ်။ ဆဋ္ဌမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲဟာ တရုတ်အခွင့်အလမ်းများ အတူ မျှဝေခြင်းရဲ့ အနက်အဓိပ္ပါယ်ကို ပိုမို ကြွယ်ဝ နက်ရှိုင်းစွာ ဖော်ဆောင်ပါလိမ့်မယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါတယ်။