လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၁၀ ကြိမ်မြောက် အဆင့်မြင့် အရာရှိများ အစည်းအဝေးကို နေပြည်တော်၌ ကျင်းပ

(GMT+08:00)2023-11-04 14:52:36  

 လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ၁၀ ကြိမ်မြောက် အဆင့်မြင့် အရာရှိများ အစည်းအဝေးကို နိုဝင်ဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ တရုတ်ပြည်ဘက် အဆင့်မြင့်အရာရှိ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီးလက်ထောက် နုန်ရုံနှင့် ပူးတွဲ သဘာပတိနိုင်ငံ မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိတို့သည် အစည်းအဝေးကို ပူးတွဲ ဦးစီး ကျင်းပခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့် အရာရှိများသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။ ၎င်းတို့သည် လွန်ခဲ့သည့် တစ်နှစ်အတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှု ဖြစ်စဉ်များကို နောက်ကြောင်းပြန် သုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံများကို ပေါင်းရုံးလေ့လာကာ လာမည့် အဆင့်ကာလ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီးလည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။