ရှီကျင့်ဖိန်သည် ဂျာမနီဝန်ကြီးချုပ် Scholz နှင့် ဗီဒီယို ဖြင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-11-04 14:45:23  

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီဝန်ကြီးချုပ် Scholz နှင့် ဗီဒီယို ဖြင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

Scholz သည် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့် ယူကရိန်းအကျပ်အတည်းအပေါ် ဂျာမနီ၏ အမြင်များကို ပြောကြား ခဲ့ပြီး တရုတ်နိုင်ငံနှင့် နီးကပ်စွာ ကူးလူးဆက်သွယ်မှု ထားရှိရန် ၎င်း၏မျှော်လင့်ချက်ကို ဖော်ပြခဲ့သည်။ ရှီကျင့်ဖိန်က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ဖြစ် ယူကရိန်း အကျပ်အတည်းဖြစ်ဖြစ် အရင်းကနေဖြေရှင်းလိုလျှင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပိုပြီး လေးလေးနက်နက် စဉ်းစားရမည် ဖြစ်၍၊ တူညီသော၊ ကဏ္ဍစုံ ဖြစ်သော၊ ပူးပေါင်းဆောင်ရွက်သော၊ ရေရှည်သော လုံခြုံရေး အမြင်ကို စွဲကိုင် ရမည် ဖြစ်ပြီး ညီမျှသော၊ ထိရောက်ပြီး ဆက်တိုက် ဖြစ်သော လုံခြုံရေးမူဘောင် တည်ဆောက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ လုံခြုံရေးကို ဖိနှိပ်ခြင်းနှင့် တစ်ဖက်၏တရားဝင်တောင်းဆိုမှုကို လျစ်လျူရှုပြီး နောက်တစ်ဖက်ကို တစ်ဖတ်သတ်ထောက်ခံခြင်းသည် ဒေသတွင်း မညီမျှမှုများကို ဖြစ်ပေါ်စေပြီး ပဋိပက္ခကို ချဲ့ထွင်တိုးမြင့်စေတတ်ကြောင်း၊ တရုတ်နှင့် ဥရောပတို့သည် ပဋိပက္ခများကို ဖျန်ဖြေပေးခြင်း၊ တင်းမာမှုများကို ဖြေလျှော့ခြင်းကို ပြုလုပ်၍ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောကြား ခဲ့ ပါသည်။