ရှီကျင့်ဖိန်သည် ပဉ္စမ အကြိမ်မြောက် တရုတ်-အမေရိကန် ချစ်ကြည်ရေးမြို့ ညီလာခံသို့ စာရေးသားပေးပို့

(GMT+08:00)2023-11-03 16:08:48  

ယခုလ ၃ရက်နေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပဉ္စမ အကြိမ်မြောက် တရုတ်-အမေရိကန် ချစ်ကြည်ရေးမြို့ ညီလာခံသို့ စာရေးသားပေးပို့ခဲ့ပါသည်။

၄င်းစာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-အမေရိကန် ဆက်ဆံရေးသည် ပြည်သူများတွင် အခြေတည်ခြင်း ဖြစ်သောကြောင့် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အင်အား၏ အရင်းအမြစ်သည် ပြည်သူများ၏ ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမှု ဖြစ်ကြောင်း၊ ချစ်ကြည်ရေးပြည်နယ်နှင့် ချစ်ကြည်ရေး မြို့တို့သည် တရုတ်-အမေရိကန် ပြည်သူများ အကြား ချစ်ကြည်မှု နက်ရှိုင်းစေရေးနှင့် အပြန်အလှန် အကျိုးရှိစေခြင်း အကောင်အထည်‌ ဖော်ဆောင်ရေး အတွက် အရေးကြီးသော အရာ ဖြစ်ကြောင်း၊ ၁၉၇၉ခုနှစ် နှစ်နိုင်ငံ အကြား ပထမဆုံး ချစ်ကြည်ရေးမြို့ ပူးတွဲထားရှိခဲ့ပြီးသည့်နောက် ယခုအထိ တရုတ်နှင့် အမေရိကန် အကြား ချစ်ကြည်ရေး ပြည်နယ်နှင့် ချစ်ကြည်ရေးမြို့တွဲ ၂၈၄ခု ထားရှိခဲ့ပြီ ဖြစ်ကြောင်း၊ ညီလာခံသို့ တက်ရောက်သော ဘက်အသီးသီးတို့ အနေနှင့် တရုတ်-အမေရိကန် ဒေသန္တရ ကူးလူးဖလှယ်မှု အတွက် ပေါင်းကူးတံတား အခန်းကဏ္ဍ ကနေ ဆက်လက် ပါဝင်ဆောင်ရွက် ပြီး တရုတ်-အမေရိကန် ဆက်ဆံမှု ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေး ရန်နှင့် နှစ်နိုင်ငံ ပြည်သူများ၏ ချမ်းမြေ့သာယာမှု တိုးပွားစေရန် အတွက် ပိုမို ကြီးမားသည့် အခန်းကဏ္ဍမှ အတူတကွ ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြထား ပါသည်။

    ပဉ္စမ အကြိမ်မြောက် တရုတ်-အမေရိကန် ချစ်ကြည်ရေးမြို့ ညီလာခံကို ၃ရက်နေ့က တရုတ်နိုင်ငံ ကျန်းစူးပြည်နယ် စူးကျိုးမြို့တွင် ကျင်းပြီး ညီလာခံ၏ ဆောင်ပုဒ်မှာ “မြစိမ်းရောင်မြို့များ အတူတကွ တည်ဆောက်ရေးနှင့် ပြည်သူများ ချမ်းမြေ့သာယာမှုများ အတူမျှဝေခံစားရေး” ဟူ၍ ဖြစ်ကြောင်း သိရပါသည်။