လီချန်သည် ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲနှင့် Hongqiao နိုင်ငံတကာစီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားနှင့် သက်ဆိုင်ရာလှုပ်ရှားမှုများသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်

(GMT+08:00)2023-11-03 14:13:44  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် နိုဝင်ဘာလ ၅ရက်နေ့တွင် ရှန်ဟိုင်းမြို့၌ ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲနှင့်  Hongqiao နိုင်ငံတကာစီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနား နှင့် သက်ဆိုင်ရာ လှုပ်ရှားမှုများသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Shu Juetingက နိုဝင်ဘာလ ၃ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။