ဆဋ္ဌမ အကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်လှစ်တော့မည်

(GMT+08:00)2023-11-03 14:13:10  

ဆဋ္ဌမ အကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ရက်နေ့မှ ၁၀ရက်နေ့အထိ ရှန်ဟိုင်းမြို့တွင် အော့ဖ်လိုင်းပုံစံဖြင့် ဘက်စုံ ကျင်းပမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၂ရက်နေ့တွင် တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ စုကြွေထင်က လက်ရှိ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အခြေခံအားဖြင့် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့ပါသည်။

စုကြွေထင်က နိုင်ငံများ၊ ဒေသများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ၁၅၄ခု မှ ဧည့်သည်တော်များသည် ယခုအကြိမ်ကုန်စည်ပြပွဲသို့ ပါဝင်မည်ဖြစ်ကြောင်း၊ နိုင်ငံများဆိုင်ရာ ပြပွဲကို နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၇၂ခုက ပါဝင်ပြသမည်ဖြစ်ပြီး လုပ်ငန်းကုမ္ပဏီများ ဆိုင်ရာ ပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၂၈ မှ လုပ်ငန်းကုမ္ပဏီပေါင်း ၃၄၀၀ ကျော်က ပါဝင်ပြသရန် ဆွဲဆောင်ခဲ့ကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။