ဝမ်ယိသည် ဂျော်ဒန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Safadi နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2023-11-03 14:12:40  

နိုဝင်ဘာလ ၂ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဂျော်ဒန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် ပင်လယ်ရပ်ခြားရောက်ဂျော်ဒန်နိုင်ငံသားများရေးရာ ဝန်ကြီး Safadi နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

ဝမ်ယိက ဂါဇာဒေသရှိ ဒုက္ခသည်စခန်းများကို တိုက်ခိုက်ခြင်းအပေါ် တရုတ်နိုင်ငံအနေနှင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ ပါလက်စတိုင်းနှင့် အစ္စရေးလူမျိုးများ၏ အသက်များသည် တန်းတူရည်တူအရေးကြီးသောကြောင့် စံနှုန်းနှစ်မျိုးမရှိသင့်ဘဲ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်များ ဆက်လက်မဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဝမ်ယိက တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများ၏ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးဆိုင်ရာ အရေးကြီး တိုက်တွန်းချက်များအပေါ် ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံသည် ယခုလတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အလှည့်ကျသဘာပတိနိုင်ငံအနေနှင့် ဘက်အသီးသီးတို့ နှင့်အတူ ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီး လုံခြုံရေးကောင်စီမှာ သဘောတူညီမှုရရှိရေး မြှင့်တင်ရန်နှင့် အခြေအနေတင်းမာမှုကို အမြန်ဆုံးလျော့ပါးစေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း အလေးထား ပြောကြားခဲ့ပါသည်။