ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျင့်ထိပ်သီးအစည်းအဝေးတွင် မြစိမ်းရောင်စွမ်းအင် အပြည့်အဝ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားပေးမည်

(GMT+08:00)2023-11-03 14:33:04  

    ၂၀၂၃ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျင့်ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျဲ့ကျန်းပြည်နယ် ဝူးကျင့်မြို့တွင် ကျင်းပမည်ဖြစ်ပါသည်။ တရုတ် လျှပ်စစ်ဓာတ်အား ကွန်ရက် ကော်ပိုရေးရှင်း ကျဲ့ကျန်းကုမ္ပဏီသည် ဝူးကျင့် ရှီရှန်းရှုခင်းနေရာနှင့် အင်တာနက်အလင်းပြပွဲစင်တာစသည့်နေရာများအတွက် မြစိမ်းရောင်စွမ်းအင် အပြည့်အဝ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားပေးမည်ပြီး လျှပ်စစ်ဓာတ်အားထောက်ပံ့မှုပမာဏမှာ ကီလိုဝပ် နာရီ ပေါင်း ၅ သိန်းထက် ကျော်လွန်ကာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တန်ချိန် ၃၈၀ ကျော် လျှော့ချနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။