ယူနန်ပြည်နယ် Yanjinခရိုင်၌ ကြက်မည်း မွေးမြူရေးဖြင့် ဝင်ငွေတိုး

(GMT+08:00)2023-11-03 14:15:49  

ယူနန်ပြည်နယ် Yanjinခရိုင်သည် Wumengတောင်တန်းဒေသ၌ တည်ရှိပြီး ကြက်မည်း မွေးမြူရေးသမိုင်းကြာရှည်ပါသည်။ ယခုနှစ်များတွင် Yanjinခရိုင်သည် ကြက်မည်း မွေးမြူရေးကို အဓိကလုပ်ငန်းအဖြစ်လုပ်ကိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရန် အားကောင်းစွာ ဆောင်ရွက်နေပါသည်။ လက်ရှိအချိန်တွင် ကြက်မည်းအကောင်ရေ ၅သန်းကျော်ကို နှစ်စဉ်မွေးမြူနိုင်ပါသည်။ ၂၀၂၂ခုနှစ် နှစ်ကုန်အထိ ခရိုင်တစ်ခုလုံး၌ ကြက်မည်း မွေးမြူရေးလုပ်ကိုင်သူမိသားစုပေါင်း ၄၂၃၈ စုရှိပြီး မိသားစုတစ်စုလျှင် ပျမ်းမျှဝင်ငွေ တရုတ်ယွမ် ၄၀၀၀ကျော် တိုးပွားနိုင်စေကာ ဒေသခံများ ဝင်ငွေတိုးလာရန် ထိရောက်စွာ ဆောင်ရွက်ပေးနေ ပါသည်။