ဝန်ကြီးဌာနနှစ်ခုသည် နိုင်ငံ့အထွေထွေကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ဗဟိုချက်များ တည်ဆောက်မှုမြှင့်တင်ရန် တရုတ်ယွမ်ငွေ ၁၂ဘီလီယံ ထုတ်ပေး

(GMT+08:00)2023-11-02 15:59:02  

နိုဝင်ဘာလ ၁ရက်နေ့က တရုတ်လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် အထွေထွေ လမ်းပန်းဆက်သွယ်ရေးဗဟိုချက်များတည်ဆောက်ရေးဆိုင်ရာဆွေးနွေးပွဲကို ကျင်းပခဲ့ကြ ပါသည်။
    ၂၀၂၂ခုနှစ်မှ ယခုအထိ ဝန်ကြီးဌာနနှစ်ခုတို့သည် တရုတ်ယွမ်ငွေ ၁၂ဘီလီယံကို ထုတ်ပေးပြီး ဗဟိုအချက်အချာမြို့ ၂၅မြို့၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဗဟိုချက် စီမံကိန်း ၃၀၀ခန့်၊ ကုန်တင်ကုန်ချသယ်ယူပို့ဆောင်ရေးစီမံကိန်း ၁၀၀ကျော်၏ တည်ဆောက်မှုများ မြှင့်တင်ပေးခဲ့ကြကြောင်း ဆွေးနွေးပွဲမှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။
    ၂၀၂၂ခုနှစ်က တရုတ်လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် နိုင်ငံ့အထွေထွေ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဗဟို ချက်များ ဖြည့်စွက်ရေးနှင့် မြှင့်တင်ရေးလုပ်ငန်းကို စတင်ခဲ့ရာ ၃နှစ်ခန့် အချိန်ယူပြီး မြို့၃၀ခန့်တွင် ၄င်းလုပ်ငန်းကို အကောင်အထည်ဖော်ရန် စီစဉ်ပေးခဲ့ကြသည်ဟု China Media Group က ရေးသားဖော်ပြပါသည်။