ဟူဘေပြည်နယ် ဖန်-ခရိုင်တွင် မိုက်ခရိုရေဖြန်းပေးခြင်းဖြင့် စားသုံးမှိုများကို ရေသွင်းပေး

(GMT+08:00)2023-11-02 16:13:17  

နိုဝင်ဘာလ ၁ရက်နေ့က ဟူဘေပြည်နယ် ဖန်-ခရိုင် Jun dian မြို့နယ်ရှိ စားသုံးမှို စိုက်ပျိုးရေးစက်မှုခြံတွင် မိုက်ခရိုရေဖြန်းခြင်းမှတစ်ဆင့် ကြွက်နားရွက်မှိုမည်း အိတ်များကို အစိုဓာတ်ပေးနေပါသည်။ ဖန်-ခရိုင်သည် ပြည်တွင်းပြည်ပတွင် လူသိများ လှသော " ကြွက်နားရွက်မှိုမွေးရပ်မြေ" ဖြစ်ပြီး၊ ကြွက်နားရွက်မှိုမည်းနှင့် မှိုခြောက်များ သည် အီးယူ၏ ပထဝီဝင်အမှတ်အသား ထုတ်ကုန်ဆိုင်ရာ ထောက်ခံချက် နှင့် အီးယူသို့ တင်ပို့ရန် "လက်မှတ်" ရရှိခဲ့ကြပါသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ၄င်းခရိုင်သည် မိုက်ခရိုရေဖျန်းရေပေးမှုနည်းလမ်းကို ကျယ်ပြန့်စွာ အသုံးပြုပြီး၊ ရေချွေတာကာ အရည်အသွေးမြင့် စားသုံးမှိုစက်မှုအခြေစိုက်စခန်းကို တည်ဆောက်ခြင်းဖြစ်ပြီး၊ လယ်သမားများ ဝင်ငွေတိုးစေရန်နှင့် ကြီးပွားချမ်းသာလာစေရန် အထောက်အကူပြုခဲ့ ပါသည်။