Flying Tigers မှ တပ်သားဟောင်း မိုယယ် ၏ ဆန္ဒမှာ တရုတ်-အမေရိကန် ဆက်ဆံမှု တိုးတက်ကောင်းမွန်စေရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်

(GMT+08:00)2023-11-02 16:11:32  

ဒုတိယ ကမ္ဘာစစ်ကြီးအတောအတွင်း တရုတ်နိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန် Flying Tigers လေတပ်မှ တပ်သားဟောင်းများနှင့် ၎င်းတို့၏ သားစဉ်မြေးဆက်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့် လည်နေသည်။ ကိုယ်စားလှယ် အဖွဲ့ဝင် တစ်ဦး ဖြစ်သော Flying Tigers စစ်ပြန် တပ်သားဟောင်း မိုယယ်သည် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း သူ၏ ထူးချွန်သောစွမ်းဆောင်မှုကြောင့် နာမည်ကျော်ကြားခဲ့သည်။ သူသည် ၁၉၄၄ ခုနှစ်က တရုတ်တပ်မတော်၊ အရပ်သားများနှင့်အတူ ဂျပန် ကျူးကျော်သူများကို တိုက်ခိုက်ခုခံရန် တရုတ် စီချွမ်းပြည်နယ်နှင့် အခြားနေရာများတွင် မစ်ရှင်များ လုပ်ဆောင်ခဲ့သည်။ ယခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က သူ၏ ၁၀၃ နှစ်မြောက်မွေးနေ့ပါတီကို တရုတ်နှင့် အမေရိကန် မိတ်ဆွေများ အဖော်ပြုပြီး  ကျင်းပခဲ့သည်။ မိုယယ်သည် Flying Tigers စစ်ပြန် တပ်သားဟောင်းများထဲမှ လက်ရှိအချိန်ထိအသက်ရှင်နေသေးသူ တစ်ယောက် အနေနှင့် ယခုအကြိမ်တရုတ်ခရီးစဉ်ဖြင့် Flying Tigers အကြောင်း လူသိများစေပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် အစွမ်းကုန် ကြိုးစားမည်ဖြစ်ကြောင်း CMG သတင်းထောက်အား ပြောကြားခဲ့သည်။