တရုတ် ထူးခြားချက် ဝိသေသပါ ငွေကြေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း အတိုင်း ဦးလည်မသုန် လျှောက်လှမ်းရ

(GMT+08:00)2023-11-02 16:03:49  

အောက်တိုဘာလ ၃၀ရက်နေ့မှ ၃၁ရက်နေ့အထိ တရုတ် နိုင်ငံ ဗဟို ငွေကြေးလုပ်ငန်း အစည်းအဝေးကို ဘေကျင်းတွင် ကျင်းပခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်း ပြောကြားရာတွင် တရုတ် ကွန်မြူနစ်ပါတီ၏ ၁၈ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ် များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် ငွေကြေးလုပ်ငန်းကို စုပေါင်းသုံးသပ်ပြီး ငွေကြေး လုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်ဆိုင်နေရသော အခြေအနေ ကို ခွဲခြမ်းစိတ်ဖြာကာ လက်ရှိနှင့် အနာဂတ် ကာလများအတွက် ငွေရေးကြေးရေး လုပ်ငန်း များ စီစဉ်ပေးခဲ့ပါသည်။

တရုတ် နိုင်ငံ တစ်နိုင်ငံလုံးမှ လုပ်ငန်းဌာနများသည် ယခုတွင် ဗဟို ငွေကြေးလုပ်ငန်း အစည်းအဝေး၏ အနှစ်သာရများကို သိရှိနားလည်ရန် လေးနက်စွာ လေ့လာနေပါသည်။ လေ့လာသူများက ယခုအကြိမ် အစည်းအဝေးသည် ခေတ်ကာလသစ်၊ ခရီးစဉ်သစ်တွင် ငွေကြေး လုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အတွက် ဦးတည်ချက်ကို ညွှန်ပြပေးပြီး ယုံကြည်မှုနှင့် တွန်းအားပေးမှုများကို တိုးပွားစေကြောင်း ယူဆကြပါသည်။