အပစ်အခတ် အမြန်ဆုံး ရပ်စဲပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်မှုကို ကာကွယ် ထိန်းသိမ်းရန် တရုတ်တိုက်တွန်း

(GMT+08:00)2023-11-01 16:38:47  

အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မကြာခင်က  မြန်မာ နိုင်ငံ မြောက်ပိုင်း နယ်စပ် ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖြေကြားရာတွင် တရုတ်ပြည်အနေနှင့် သက်ဆိုင်ရာ ပဋိပက္ခကို လွန်စွာ အာရုံစူးစိုက်ကြောင်း၊ လက်ရှိအခြေအနေ ဆက်လက် မဆိုးဝါးစေရန် ဘက်အသီးသီးတို့အား အပစ်အခတ် အမြန်ဆုံး ရပ်စဲပြီး ငြိမ်းချမ်းသော နည်းလမ်းနှင့် ဆွေးနွေးခြင်းဖြင့် သဘော ကွဲလွဲမှုများကို ဖြေရှင်းကာ ထိရောက်သော ဆောင်ရွက်ချက်များဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်မှုကို အာမခံပေးရန် တိုက်တွန်းခဲ့ပါသည်။