ထိပ်တန်း ဦးစားပေးက ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည် ဖော်ခြင်းနှင့် အခြေအနေ ယိုယွင်း မသွားစေရန် အပစ်အခတ် ရပ်စဲခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-11-01 16:38:02  

အောက်တိုဘာလ ၃၁ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ ၂၈ ရက်နေ့က ပါလက်စတိုင်း-အစ္စရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ အရေးပေါ် အထူးအစည်းအဝေးမှာ  အစ္စရေးက ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ပြီးနောက် ပြတ်ပြတ်သားသား ပယ်ချခဲ့ပါတယ်။ ယင်းအပေါ် တရုတ်ရဲ့ မှတ်ချက်က ဘယ်လိုလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ဝမ်ဝင်ပင်က ယခုအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်သည် ရေရှည်တည်တံ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ခြင်း အကောင်အထည်ဖေါ်ရန် တိုက်တွန်းပြီး ဘက်အသီးသီးအား နိုင်ငံတကာဥပဒေကို လိုက်နာပြီး အရပ်သားများကို ထိန်းသိမ်း ကာကွယ်ရန် တောင်းဆိုကာ ဂါဇာဒေသမြောက်ပိုင်းမှာ အရေးပေါ် ရွှေ့ပြောင်းရေးအမိန့်ကို ရုပ်သိမ်းရန် ပန်ကြားပြီး ပါလက်စတိုင်း အရပ်သားများကို အတင်းအကျပ် ပြောင်းရွှေ့နေရာချထားခြင်းကို ဆန့်ကျင်ကာ ယင်းသည် နိုင်ငံအများစု၏ ခိုင်မာသော အသံကို ထင်ဟပ်စေသည်ဟု ပြောကြားပါသည်။

ဝမ်ဝင်ပင်က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အတည်ပြု ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ အပစ်အခတ်ရပ်စဲရေးနှင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် အခြေအနေ ပိုမိုဆိုးရွားလာမှုကို ရှောင်ရှားရန် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ပြောကြားပါသည်။