ရှင်းကျန်း လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် တရားဝင် တည်ထောင်

(GMT+08:00)2023-11-01 16:36:17  

နိုဝင်ဘာလ ၁ရက်နေ့မှာ တရုတ် နိုင်ငံ၏ ၂၂ခုမြောက် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ဖြစ်သည့် ရှင်းကျန်း လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်သည် တရားဝင် တည်ထောင်ပြီး တရုတ် နိုင်ငံ၏ အနောက်တောင်ပိုင်း နယ်စပ်ဒေသတွင် တည်ထောင်သည့် ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ဖြစ်ပါသည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ခံ တစ်ဦးက ရှင်းကျန်း လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်အား ပြည်တွင်းပြည်ပမှ အရင်းအမြစ်များကို စုစည်းပြီး ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရေး တိုးမြှင့်ခြင်း၊ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတာဝန်များ တိုးမြှင့်ရေး၊ ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးနှင့် လူရည်ချွန် ဝန်ဆောင်မှု တိုးမြှင့်ရေး စသည့် နယ်ပယ်များတွင် စူးစမ်းလေ့လာ ဆောင်ရွက်ရန် အားပေးထောက်ခံမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။