တရုတ်-ဂရိ“Belt and Road”ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပ

(GMT+08:00)2023-10-31 11:23:29  

အောက်တိုဘာလ ၃၀ရက်နေ့က China Media Group သည် ဂရိနိုင်ငံ အေသင်မြို့တော် တွင် တရုတ်-ဂရိ“Belt and Road”ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ဂရိနိုင်ငံသမ္မတ ဟောင်း Prokopis Pavlopoulos ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ၊ ဂရိ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး Olga Kefalogianni နှင့် ဂရိနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ရှောင်ကျွမ် တို့သည် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြား ခဲ့ကြပါသည်။ ဂရိယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး Lina Mendoni သည် ဗီဒီယို အမှာစကား ပြောကြားခဲ့ပါသည်။ ဂရိ Attica ပြည်နယ်အုပ်ချုပ်ရေးမှူး Giorgos Patoulis ၊ ဂရိငွေရေး ကြေးရေးလောက၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးလောက၊ ယဉ်ကျေးမှု၊ အနုပညာ၊ ခရီးသွားလာရေးနှင့် အားကစားလောကမှ နာမည်ကျော်ပုဂ္ဂိုလ်များသည် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
ရှင့်ဟိုင်ရှုံက အမှာစကားပြောကြားရာတွင် ယခုနှစ်သည် သမ္မတ ရှီကျင့်ဖိန် မှ “Belt and Road”ပူးတွဲတည်ဆောက်ရေးအဆိုပြုချက်ကို ဖော်ပြခဲ့သည့် ၁၀နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ လူအများအာရုံစိုက်ကြသော တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်ကို မကြာသေးမီက ဘေကျင်းမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ သမိုင်းဝင်စတွင် “Belt and Road”အရည်အသွေး မြင့်မား စွာ ပူးတွဲတည်ဆောက်ရန်အတွက် သဘောတူညီမှုနှင့်အင်အားများကို စုစည်းပေးခဲ့ပြီး အတူတကွစည်ပင်သာယာရေးလမ်းကြောင်း ပိုမိုကျယ်ပြန့်လာစေမည် ဖြစ်ကြောင်း၊ ဂရိ နိုင်ငံသည်“Belt and Road”ပူးတွဲတည်ဆောက်ရေးတွင် အရေးကြီးသော ပါဝင်သူ ဖြစ်သကဲ့သို့ ဥရောပတိုက်တွင် တရုတ်နိုင်ငံ၏ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းလည်း ဖြစ်ကြောင်း၊ “Belt and Road”စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ ကူးလူး ဖလှယ်ပြီး အပြန်အလှန်သင်ယူလေ့လာသော ယဉ်ကျေးမှုဖြစ်စဉ်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။