ရဲဘော် လီခေ့ချန်၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၂ ရက်နေ့တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ပြီး ထျန်းအန်းမင် ရင်ပြင် အပါအဝင် နေရာ များတွင် အလံ တစ်ဝက်လျှော့ချလွှင့်တင်မည်

(GMT+08:00)2023-10-31 12:35:42  

တရုတ်ကွန်မြူနစ်ပါတီ ထူးချွန်သော ပါတီဝင်၊ ပါတီနှင့်နိုင်ငံတော်၏ ထူးချွန်သော ခေါင်းဆောင်၊ ၁၇ကြိမ်၊ ၁၈ကြိမ်နှင့် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ယခင် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် ရဲဘော် လီခေ့ချန်၏ ရုပ်အလောင်းအား ဘေကျင်းမြို့၌ နိုဝင်ဘာလ ၂ ရက် နေ့ တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။

ကွယ်လွန်သွားသည့် ရဲဘော် လီခေ့ချန်အား ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ဘေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်၊ ဆင်ဟွာမင်၊ ပြည်သူ့ခန်းမဆောင်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများနှင့် ဗဟိုမှ တိုက်ရိုက် အုပ်ချုပ်သောမြို့များမှ ပါတီကော်မတီနှင့် အစိုးရဌာနများ၊ ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ၊ မကာအို အထူးအုပ်ချုပ်ရေးဒေသ၊ နယ်စပ်ဂိတ်များ၊ လေဆိပ်နှင့်ဆိပ်ကမ်းများ၊ တရုတ်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် အလံတစ်ဝက် လျှော့ချလွှင့်တင်မည်ဖြစ်ပါသည်။