တရုတ်ပြည်လုံးဆိုင်ရာအမျိုးသမီးသမဂ္ဂ ခေါင်းဆောင်အဖွဲ့သစ်မှ အဖွဲ့ဝင်များနှင့် စကား ပြောဆိုရာ၌ ရှီကျင့်ဖိန်က တရုတ်ဝိသေသထူးခြားချက်ပါရှိသည့် ဆိုရှယ်လစ် အမျိုးသမီးများ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ဦးလည်မသုန် လျှောက်လှမ်းရမည်ဟု အလေးထား ပြောကြား

(GMT+08:00)2023-10-31 12:56:46  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၃၀ ရက်နေ့ ညနေပိုင်းက တရုတ်ပြည်လုံးဆိုင်ရာ အမျိုးသမီးသမဂ္ဂခေါင်းဆောင်အဖွဲ့သစ်မှ အဖွဲ့ဝင်များနှင့် စကား ပြောဆိုပြီး အရေးကြီးမိန့်ခွန်းလည်းပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က တရုတ်ဝိသေသ ထူးခြားချက်ပါရှိသည့် ဆိုရှယ်လစ် အမျိုးသမီးများ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ဦးလည်မသုန် လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများအား မိမိကိုယ်ကို လေးစားမှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရန်၊ ခရီးစဉ်အသစ်တွင် လိုက်ပါချီတက်ပြီး၊   ခေတ်သစ်တွင် အောင်မြင်မှုရရှိရန်၊  တရုတ်ပုံစံခေတ်မီတည်ဆောက်ရေးတွင် အမျိုးသမီးများ၏ ဉာဏ် ပညာနှင့် အင်အားများကို အသုံးပြုရန် တိုက်တွန်းကြောင်း အလေးထား ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။