ကုလသမဂ္ဂအထွေထွေညီလာခံသည် အာရပ်နိုင်ငံများ တင်ပြသော ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို မဲအများစုဖြင့် အတည်ပြုခဲ့ပြီး နိုင်ငံတကာမိသားစုကြီး၏ အသံကို ထင်ဟပ်စေခဲ့ ကြောင်း တရုတ်ဆို

(GMT+08:00)2023-10-31 11:49:01  

မကြာခင်က ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ် အထူးအစည်းအဝေးတွင် အာရပ်နိုင်ငံများ တင်ပြခဲ့သော ပါလက်စတိုင်း-အစ္စရေး အခြေအနေဆိုင်ရာ အဆိုပြုချက်ကို မဲပေးအတည်ပြုခဲ့ ပါသည်။ ယင်း အဆိုပြုချက်တွင် “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း”ကို အခြေခံပြီး ပါလက်စတိုင်း ပြဿနာ အတွက် ရေရှည်ပြီး တရားမျှတသော ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းများကို ရှာကြံရန် အလေးထား ဖော်ပြထား ပါသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယင်းအဆိုပြုချက်အတည်ပြုခြင်းသည် အပစ်အခတ်ရပ်စဲပြီး စစ်ပွဲများ အဆုံးသတ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသံများကို ထင်ဟပ်စေ ပြီး စစ်နှင့် ငြိမ်းချမ်းမှု ဆိုင်ရာ ကိစ္စရပ်များတွင် လူအများ၏ လိုလားမှုကိုလည်း ထင်ဟပ်စေကြောင်း၊ တရုတ်ပြည်အနေနှင့် ယင်းအဆိုပြုချက်ကို ဘက်စုံ အကောင်အထည်ဖော်ဆောင်နိုင်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု အမြန်ဆုံး ပြန်လည်ရရှိနိုင်ကာ ပါလက်စတိုင်းပြဿနာကို ရေရှည်ပြီး ဘက်စုံ တရားမျှတစွာ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။