ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet “Leaders Talk” ၏ သီးသန့်အင်တာဗျူးမေးမြန်းမှုကို လက်ခံဖြေကြား

(GMT+08:00)2023-10-31 11:42:29  

ဒီကနေ့ ဧည့်သည်တော်ကတော့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet ဖြစ်ပါတယ်။ သူဟာ ဩဂုတ်လမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး စက်တင်ဘာလမှာ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရွေးချယ်ခဲ့ပါတယ်။ တစ်လအကြာမှာ သူဟာ တရုတ်နိုင်ငံကို ထပ်မံရောက်ရှိလာခဲ့ပြီး တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။

Hun Manet - ကမ္ဘောဒီးယားနိုင်ငံက ဖိုရမ်ကို သုံးကြိမ်ဆက်တိုက် တက်ရောက်ခြင်းဖြင့် “Belt and Road” အတူတည်ဆောက်ရေးစီမံချက်နဲ့ ဖိုရမ်ကို ကမ္ဘောဒီးယားနိုင်ငံက ထောက်ခံအားပေးကြောင်း ထင်ဟပ်နေပါတယ်။ “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်ကို ကျွန်တော် ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်ပါတယ်။ ဦးစွာအနေနဲ့ ဖိုရမ်ကို အောင်မြင်စွာ ကျင်းပနိုင်တဲ့အတွက် သမ္မတ Xi Jinping နဲ့ တရုတ်နိုင်ငံအစိုးရကို ဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်တို့က ကမ္ဘောဒီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနဲ့ “Belt and Road” အတူတည်ဆောက်ရေးစီမံချက်ကို ချိတ်ဆက်ပြီး ဒီထဲမှ များစွာအကျိုးရရှိပါတယ်။

Hun Manet - ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး၊ ဒါမှမဟုတ် မူဝါဒချိတ်ဆက်ရေး ဦးတည်ချက်ကို စကားလုံးနှစ်လုံးနဲ့ ဖော်ပြနိုင်ပါတယ်။ အဲ့ဒါကတော့ “အဆက်မပြတ်မှု”နဲ့ “တညီတညွတ်တည်းဖြစ်မှု” ပါပဲ။ ကမ္ဘောဒီးယားအစိုးရသစ်အတွက် ကျွန်တော်တို့ရဲ့ရည်မှန်းချက်က နှစ်ဦးနှစ်ဖက်အကြား ၆၅နှစ်ကြာ တည်တံ့ခဲ့တဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်လက်ခိုင်မြဲစေရန်နဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့မြှင့်တင်ရန် ဖြစ်ပါတယ်။

သီးသန့်အင်တာဗျူးမှာ ဝန်ကြီးချုပ် Hun Manetက “Belt and Road” အတူတည်ဆောက်ရေးစီမံချက်အပေါ် အခိုင်အမာ ထောက်ခံအားပေးကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ အနာဂတ်မှာ တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး အစိမ်းရောင် စက်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေး စတဲ့ ထွန်းသစ်စနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်၊ နှစ်ဖက်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားသစ်များ ဖြည့်သွင်းပေးရန် သူက မျှော်လင့်နေပါတယ်။