Shenzhou 16 လူပါ အာကာသယာဉ်သည် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့

(GMT+08:00)2023-10-31 12:57:11  

ဘေကျင်းစံတော်ချိန် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၁၁ မိနစ်က Shenzhou 16 လူပါ အာကာသယာဉ်၏ re-entry မော်ဂျူးသည်  Dong feng ဆင်းသက်နေရာသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး၊ Shenzhou 16 လူပါအာကာသယာဉ်၏ ပျံသန်းမှု တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်ဟု တရုတ်နိုင်ငံ လူပါအာကာသ စီမံကိန်း ရေးရာရုံးမှ သတင်းအရသိရပါသည်။