ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ တရုတ်ပြည်တစ်ပြည်လုံး၏ စွမ်းအင်သုံးစွဲမှု ဆက်လက် တိုးများလာပြီး ထောက်ပံ့မှုသည် မြင့်မားသည့်အဆင့်တွင် ရှိနေဟု တရုတ်အမျိုးသား စွမ်းအင် ဌာနဆို

(GMT+08:00)2023-10-30 16:23:33  

     အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်အမျိုးသား စွမ်းအင် ဌာနသည် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ ၂၀၂၃ခုနှစ် တတိယ ၃ လပတ်တွင် စွမ်းအင်သုံးစွဲမှုအခြေအနေ၊ ပြန်ပြည့်မြဲ စွမ်းအင် ဖော်ထုတ်ရေးအခြေအနေကို မိတ်ဆက်ပေးခဲ့ပါသည်။

တရုတ်အမျိုးသား စွမ်းအင် ဌာန ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ချမှတ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် တုန်ဝမ့်ချင်က ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ တရုတ်ပြည် တစ်ပြည်လုံး စွမ်းအင်သုံးစွဲမှု ဆက်လက် တိုးများလာကာ ထောက်ပံ့မှုအခြေအနေ မြင့်မားနေဆဲ ဖြစ်ပြီး စွမ်းအင်ထောက်ပံ့မှုနှင့် ဝယ်လိုအားမှာ ယေဘုယျအားဖြင့် တည်ငြိမ်နေကြောင်း၊ ဈေးနှုန်းသည် ယေဘုယျအားဖြင့် ကျိုးကြောင်းဆီလျော်သော အခြေအနေတွင် ရှိနေကြောင်း၊ စွမ်းအင် လုပ်ငန်း၏ မြစိမ်းရောင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု နည်းသော အသွင်ပုံစံ အဖြစ် ကူးပြောင်းရေးနှင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်ရေးကို နက်ရှိုင်းစွာ တွန်းအား ပေးနေကြောင်ပြောကြားခဲ့ပါသည်။