China Media Group သည် တရုတ်-ဂရိ ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာရေး စင်တာ၊ နိုင်ငံတကာ အိုလံပစ်ကောလိပ်များနှင့် ပူးပေါင်းဆောင်ရွက်မှု ထားရှိ

(GMT+08:00)2023-10-30 16:17:09  

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၈ ရက်နေ့က China Media Group သည် တရုတ်-ဂရိ ယဉ်ကျေးမှု အပြန်အလှန်သင်ယူလေ့လာရေးစင်တာ၊ နိုင်ငံတကာအိုလံပစ် ကောလိပ်များနှင့် တရုတ်-ဂရိ ယဉ်ကျေးမှု အပြန်အလှန် ကူးလူးဖလှယ်ရေးနှင့် သင်ယူ လေ့လာရေး အားဖြည့်ဆောင်ရွက်ရန်နှင့် အိုလံပစ်စိတ်ဓာတ် တိုးပွားစေရန် ရည်ရွယ်ပြီး ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို ချုပ်ဆိုခဲ့ကြပါသည်။ 

ဂရိနိုင်ငံ ဝန်ကြီးချုပ် Mitsotakis က နိုင်ငံတကာ အိုလံပစ်ကောလိပ်နှင့် China Media Groupတို့အကြား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် သက်ဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen hai xiong သည် တရုတ်-ဂရိ ယဉ်ကျေးမှုအပြန်အလှန် သင်ယူလေ့လာရေးစင်တာ ဂရိ ကောင်စီ ဥက္ကဋ္ဌ Vervidakis ၊ နိုင်ငံတကာ အိုလံပစ် ကောလိပ် ကျောင်းအုပ်ကြီး Covelos တို့နှင့်  အသီးသီး စာချုပ်ချုပ်ဆိုခဲ့သည်ဟု သတင်းအရ သိရပါသည်။