ဟန်ကျိုး စတုတ္ထအကြိမ်မြောက် အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ အောင်မြင်စွာ ပိတ်သိမ်း

(GMT+08:00)2023-10-30 16:21:02  

ဟန်ကျိုး စတုတ္ထအကြိမ်မြောက် အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ကို ယခုလ ၂၈ ရက်နေ့ညက ဟန်ကျိုးမြို့တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ပိတ်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံတော်ကောင်စီဝင် Shen yi qin တက်ရောက်ခဲ့ပါသည်။

ပြီးခဲ့သည့် ၇ ရက်အတွင်း အာရှ နိုင်ငံနှင့် ဒေသ ၄၄ ခုမှ မသန်းစွမ်းအားကစား မောင်မယ် ၃၀၀၀ ကျော်တို့သည် စိန်ခေါ်မှုများကို ရင်ဆိုင်ပြီး၊ ကျားကုတ်ကျားခဲ တိုက်ပွဲဝင် ကာ ထက်မြက်သော ခွန်အားနှင့် ထူးချွန်သော စရိုက်လက္ခဏာများကို ပြသခဲ့ကြပါသည်။ တရုတ်နိုင်ငံသည် ထူးချွန်သော ပြိုင်ပွဲ စည်းရုံးကျင်းပရေးနှင့် ပြီးပြည့်စုံသော အတားအဆီး မရှိသည့် အဆောက်အအုံများဖြင့် အာရှမသန်စွမ်း အိုလံပစ်ကော်မတီ မိသားစုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှ ကျယ်ပြန့်သော ချီးကျူးမှုများကို ရရှိခဲ့သည်ဟု သတင်းအရ သိရပါ သည်။