ပိုအော်အာရှဖိုရမ် ၂၀၂၄ခုနှစ်နှစ်ပတ်လည် အစည်းအဝေး မတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည်

(GMT+08:00)2023-10-30 16:22:43  

ပိုအော် အာရှဖိုရမ် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးဖိုရမ်၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်နေ့က ချန်ရှားတွင် ကျင်းပခဲ့ပါသည်။ ပိုအော်အာရှဖိုရမ် ကောင်စီ ဥက္ကဋ္ဌ ဘန်ကီမွန်းက ပိုအော်အာရှဖိုရမ် ၂၀၂၄ ခုနှစ်နှစ်ပတ်လည် အစည်းအဝေးသည် မတ်လ ၂၆ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဘန်ကီမွန်းက လက်ရှိတွင် ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူလာမှုမှာ အားနည်းနေပြီး ဒေသတွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေကာ ကုလသမဂ္ဂ၏ ၂၀၃၀ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး ရည်မှန်းချက် အကောင်အထည် ဖော်ဆောင်ရေး နှေးကွေးပြီး လူ့အသိုင်းအဝိုင်းတွင် ဘုံစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း၊ ယခုအကြိမ် ပိုအော် အာရှဖိုရမ် နှစ်ပတ်လည် အစည်းအဝေးတွင် အာရှနှင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု၌ ရင်ဆိုင်နေရသော အဓိက ကိစ္စရပ်များနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးမည်ဖြစ်ပြီး၊ နိုင်ငံတကာ မိသားစုကြီးက စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်သွားကြရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ တိုးမြှင့်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။