တရုတ် ဗဟို စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ကျန်းယို့ရှာသည် မြန်မာ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2023-10-29 17:09:37  

ယခုလ ၂၉ရက်နေ့က တရုတ် ဗဟို စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ကျန်းယို့ရှာသည် ဘေကျင်းတွင် ၁၀ကြိမ်မြောက် ဘေကျင်း ရှန်းရှမ်း ဖိုရမ်ကို တက်ရောက်ရန် တရုတ် နိုင်ငံသို့ ရောက်ရှိလာသော မြန်မာ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ကျန်းယို့ရှာက ၂၀၂၀ပြည့်နှစ်တွင် သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်ကို လှည့်လည်ပြီး တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ခေတ်ကာလသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် မြန်မာဘက်၏ ငြိမ်းချမ်းရေး ဖြစ်စဉ် တွန်းအားပေးခြင်းကို အားပေးထောက်ခံ ကြောင်း၊ မြန်မာဘက်သည် တရုတ်ဘက်နှင့် အတူ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးကို အားမခံပေးနိုင်အောင် လက်တွဲ ကြိုးပမ်းကြရန် တရုတ်ဘက်က မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လွန်ခဲ့သည့် နှစ်များတွင် တရုတ် နိုင်ငံမှ နယ်ပယ် အသီးသီးများတွင် မြန်မာ နိုင်ငံအား ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ခြင်း အတွက် မြန်မာဘက်က ကျေးဇူးတင်ရှိကြောင်း၊ တရုတ် တပ်မတော်နှင့် အတူ နှစ်နိုင်ငံ တပ်မတော်များ အကြား ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ကာ နှစ်နိုင်ငံနှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ တပ်မတော်များ အကြားရှိ ဆက်ဆံမှုကို ခိုင်မာစေ၍ ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လို ကြောင်း ပြောကြားခဲ့ပါသည်။