နန်ချမ်းလေယာဉ်ညီလာခံ(Nanchang Flight Convention)၌"ကောင်းကင်တွင် ထူးခြားသော ပျံသန်းမှုများ အကကခြင်း"ကို ပြသ

(GMT+08:00)2023-10-29 12:09:07  

အောက်တိုဘာလ ၂၇ရက်နေ့က ၂၀၂၃ခုနှစ် တရုတ်လေကြောင်းလုပ်ငန်းညီလာခံနှင့် နန်ချမ်းလေယာဉ်ညီလာခံကို ကျန်းရှီးပြည်နယ် နန်ချမ်းမြို့တွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်လေတပ်လေကြောင်းတက္ကသိုလ်"လင်းယုန်နီ" အလှပြ ပျံသန်းမှု အဖွဲ့၊ ကြယ်နီ အလှပြ ပျံသန်းမှု အဖွဲ့၊  ဗြိတိန် ASB(Aerosuperbatics Wingwalking Team) အလှပြ ပျံသန်းမှု အဖွဲ့ ၊ အီတလီ Pioneer  အလှပြ ပျံသန်းမှု အဖွဲ့(Formation Fight Team) ၊ ဗြိတိန် Aerosparx အလှပြ ပျံသန်းမှု အဖွဲ့ နှင့် အခြားအဖွဲ့များက အလှပြ ပျံသန်းမှုများကို ပြသခဲ့ကြပြီး ကောင်းကင်တွင်  ဖျော်ဖြေ ကြသည်။ ထိုနေရာတွင် တရုတ်C919လေယာဉ်ကြီးကို ပြသထားပြီး ပရိသတ် အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။